eleven myanmar news


The security forces detained about 300 protesters as they broke up protests in Yangon, Myanmar Now news agency reported. Donate. Myanmar Now produces in-depth investigations and has the latest news on Yangon and other major cities in Myanmar. The military junta continues to arrest senior government figures, despite ongoing protests. Prior announcement will be made when the businesses can be resumed. According to activists, a … Aung Toe - Travelin Bamar ဒါမှ hero အစစ် တခြားသူတွေဘေးကင်းလုံခြုံအောင်ပြေးနိုင်ဖို့ ကိုယ့်လုံခြုံမှုကိုစတေးပေးသွားတယ်။ Salute bro  Credit t... တပ်မတော်ဘက်က သူတို့ အာဏာသိမ်းရတဲ့ အကြောင်းရင်းက မဲစာရင်း ဆယ်သန်းကျော် အမှားအယွင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အစိုးရနဲ့ ပြည်ထော... ဒီနေ့ကယားပြည်နယ်အတွင်း မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့စည်း ရဲဘော်တွေ အားလုံး သက်ဆိုင်ရာ ရုံးတွေ ခရိုင်တွေ မြို့နယ်တွေ မှာ ယူနီဖောင်း လက်နက်အပြည... စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁), သတင်း၊ဓာတ်ပုံ- Irish Examiner, နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော ကရင်အမျိုးသားအစည်းအရုံး KNU တပ် / Photo- AFP(file), မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး, ဦးဝင်းထိန်ကို ကျန်းမာရေးအရ ပြန်လွှတ်ပေးဖို့ ရှေ့နေလျှောက်ထား, ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားရာက လူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ, Youtube က စည်းကမ်းချက်တွေမလိုက်နာလို့ မြန်မာစစ်တပ်ရဲ့ရုပ်သံလိုင်းတွေကိုဖယ်ရှား, ချင်းပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်းအချို့မှ သဘောထားထုတ်ပြန်ထား, https://www.facebook.com/KICNewsPage/videos/952325512174458, ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ရဲတွေ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင်, https://www.rfa.org/burmese/news/soldiers-and-police-could-be-prosecuted-under-international-law-03052021061814.html, နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော, KNU ထိန်းချုပ်နယ်မြေတွင်းဆန္ဒပြပွဲ တပ်ဖွဲ့တွေနဲ့ ဝန်းရံပေးခဲ့, Posts News . News are displayed in text, video and photo. ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ကျန်းမာရေးအခြေအနေကြောင့် အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေက ဒဏ္ခိဏခရိုင် တရားရုံးမှာ ဦးတိုက်လေ ျှာက်ထားခဲ့ပါတယ်။, " အသက် ၈ဝ နှစ် ရှိပြီးတော့မှ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရတဲ့အကြောင်း ၊ အိပ်ရင် အသက်ရှုရပ်တဲ့ရောဂါရှိတဲ့အကြောင်း ၊ အောက်စီဂျင်မပြတ်ပေးသွင်းနေရတဲ့အကြောင်း ၊ သွေးတိုးရောဂါ ဆီးချိုရောဂါ၊နှလုံးကြီးရောဂါ၊ သိုင်းရွက်ဟောမုန်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါ အဲဒီလိုမျိုးရောဂါတွေ ဝေဒနာတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက် ကုသမှု စဉ်ဆက်မပြတ်ခံယူနေရလို့ ဘဘ အတွက် ကျမတို့က အာမခံလျှောက်ထားပါတယ်ရှင့်"။, ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာရယူပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်အပါအဝင် NLD ပါတီခေါင်းဆောင်အတော်များများကိုဖမ်းဆီးထားတာဖြစ်ပါတယ်။, ဦးဝင်းထိန်ရဲ့ စိုးရိမ်စရာ ကျန်းမာရေးအခြေအနေကို တရားရုံးက ထည့်သွင်းစဉ်းစားပေးဖို့ ရှေ့နေဒေါ်မင်းမင်းစိုးကမေ ျှာ်လင့်နေပါတယ်။ခုချိန်ထိတော့ ဦးဝင်းထိန်ကို ဘာပြစ်မှုနဲ့စွဲဆိုထားမှန်းမသိရသေးတဲ့အပြင် ရှေ့နေရှေ့ရပ်နဲ့လည်း တွေ့ခွင့်မရသေးပါဘူး။, ဖမ်းဆီး ထိန်းသိမ်းခံထားရသူတိုင်း ရှေ့နေနဲ့တွေ့ခွင့်ရသင့်တာကြောင့် ဦးဝင်းထိန်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့လည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။, ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်နေတာဖြစ်ပြီး ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် လူ ၅၄ ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်သလို သတင်းထောက် ၂၉ ဦးအပါအဝင် ဖမ်းဆီးခံထားရသူ ၁,၇၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂကပြောထားပါတယ်။, https://burmese.voanews.com/a/u-win-htin-trial/5802861.html, မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာမှာ ဒီကနေ့ မတ် ၅ ရက် နေ့ခင်းပိုင်းက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာကနေ လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။, ပွင့်ဖြူမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက် ပြောပြတာက "နေ့ခင်း ၁၂ နာရီဝန်းကျင်က အခင်းဖြစ်တယ် ၊ သေဆုံးသူက ၂ယောက်ဖြစ်တယ်။ သေဆုံးသူက ဦးချစ် နဲ့ မောင်နန်းဝေ အသက် (၁၇) နှစ်တို့ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်၊ ဒဏ်ရာရသူတွေလည်ရှိတယ်"လို့ ဖြစ်ပါတယ်။, သေဆုံးသူတွေက NLDပါတီထောက်ခံသူတွေဖြစ်ပြီး ပြုလုပ်သူလူတစုက ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။, ရဲတပ်ဖွဲ့ကတော့ အဲ့ဒီ လူသတ်မှု ကိစ္စနဲ့ပတ်သက်လို့ ပြဿနာဖြစ်ပွားရတဲ့ အကြောင်းအရာကို စုံစမ်းစစ်ဆေးနေပြီး ၂ ဖက်ခိုက်ရန်ထပ်မဖြစ်စေဖို့ လုံခြုံရေးတိုးမြှင့်လုပ်နေတယ်လို့ သိရပါတယ်။, ဒေသခံတွေကတော့ ဓားနဲ့ခုတ်သူတွေကို ရဲကမဖမ်းသေးတဲ့အတွက် ပြဿနာထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။, ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုရဲ့ ဇာတိမြို့ဖြစ်ပြီး နိုင်ငံရေးယှဉ်ပြိုင်မှု အားကောင်းတဲ့မြို့ဖြစ်ပါတယ်။, ဓါတ်ပုံ - ပွင့်ဖြူဟစ်တိုင်, Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ, https://www.facebook.com/GoldenTriangleRegionalNews, YouTube က၎င်းသည်၎င်းရဲ့စည်းမျဉ်းတွေကိုမလိုက်နာတာကြောင့် မြန်မာစစ်တပ်ပိုင် ရုပ်သံလိုင်း ၅ ခုကိုဖယ်ရှားလိုက်တယ်လို့မတ်လ ၅ ရက်ကကြေညာခဲ့တယ်လို့ Irish Examiner သတင်းကဖော်ပြပါတယ်။ဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်မှုတွေမြင့်တက်နေချိန်မှာ ကြေညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာရဲ့နိုင်ငံရေးအကြပ်အတည်းကိုလည်း ကုလလုံခြုံရေးကောင်စီမှာအထူးအစည်းအဝေးပြုလုပ်သွားမယ်လို့လည်း သတင်းကဆိုပါတယ်။, Myawaddy Media, MRTV, WD Online Broadcasting, MWD Variety နဲ့ MWD Myanmar တို့ကိုဖယ်ရှားဖို့ YouTube ရဲ့ဆုံးဖြတ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ရဲ့အစောပိုင်းကကြေငြာချက်အရမြန်မာစစ်တပ်နဲ့ချိတ်ဆက်ထားတဲ့စာမျက်နှာတွေအားလုံးကို၎င်းရဲ့ဝက်ဘ်ဆိုဒ်နဲ့ ၎င်းပိုင်ဆိုင်တဲ့ Instagram ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အလားတူဆောင်ရွက်တာလို့ဆိုပါတယ်။, အရင်ကလည်းသြဇာလွှမ်းမိုးမှုရှိတဲ့လိုင်းတွေစည်းမျဥ်းချိုးဖောက်တာကို စုံစမ်းဖော်ထုတ်သိရှိခဲ့တာကြောင့် ဖယ်ရှားခဲ့ရတယ်လို့လည်းသိရပါတယ်။, လုံခြုံရေးတပ်ဖွဲ့တွေကအကြမ်းဖက်မှုတွေပိုမိုမြင့်တက်လာတာဟာဖေဖော်ဝါရီလ ၁ ရက်နေ့မှာအာဏာသိမ်းယူခဲ့တဲ့စစ်အစိုးရကိုဖယ်ရှားဖို့ ဆန့်ကျင်ဆန္ဒပြမှုတွေကကမ္ဘာ့အသိုင်းအဝိုင်းကိုဖိအားပေးခဲ့ပါတယ်။, စစ်တပ်အုပ်ချုပ်ရေးကိုဆန့်ကျင်ဆန္ဒပြမှုတွေဟာမြို့ကြီးတွေနဲ့မြို့ငယ်တွေမှာနေ့စဉ်ဖြစ်ပွားနေပြီးလုံခြုံရေးတပ်ဖွဲ့တွေကဒီအပတ်အတွင်းဖြိုခွဲမှုတွေကို ပိုမိုဆိုးရွားစွာပြုလုပ်ခဲ့ပြီးသေစေနိုင်တဲ့အင်အားနဲ့အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေကိုလုပ်လာပါတယ်။, ကုလလူ့အခွင့်အရေးရုံးရဲ့အဆိုအရဆန္ဒပြသူအနည်းဆုံး (၁၈) ဦးဟာ ဖေဖော်ဝါရီ ၂၈ ရက်ကသေဆုံးခဲ့ရပြီး မတ်လ ၃ ရက်မှာ လူ ၃၈ ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ကုလလူ့အခွင့်အရေးရုံကဆိုကြေင်း၊ လူ ၁၀၀၀ ကျော်ကိုဖမ်းဆီးခဲ့တယ်လို့လည်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကပြောကြားခဲ့ပါတယ်။, မတ်လ ၅ ရက်ကနိုင်ငံ၏အကြီးဆုံးမြို့တွေဖြစ်ကြတဲ့ရန်ကုန်၊ မန္တလေးနဲ့အခြားနေရာတွေမှာဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။, လူမှုကွန်ယက်ပေါ်မှာလည်းတွင်ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့တဲ့ ဆန္ဒပြသူတွေကိုပစ်မှတ်ထားတဲ့ရက်စက်ကြမ်းကြုတ်မှုများစွာကိုဓာတ်ပုံတွေနဲ့ဗွီဒီယိုတွေမှာတွေ့ရှိရပါတယ်။, ရန်ကုန်မှာအမှတ် ၇၇ ခြေလျင်တပ်မကတပ်တွေကို အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းနေရာချထားခဲ့ပါတယ်။, မန္တလေးမှာတော့ အမှတ် ၉၉ ခြေမြန်တပ်မကတပ်တွေကိုတပ်ဖြန့်ချထားခဲ့ပြီး ဒီတပ်မတွေဟာ နိုင်ငံတဝမ်းက လူနည်းစုတိုင်းရင်းသားတွေအပေါ်နယ်မြေရှင်းလင်းရေးတွေမှာနာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။, မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီမှာဆွေးနွေးမှာဖြစ်ပေမယ့်လည်းလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ကဗီတိုအာဏာသုံးနိုင်တာကြောင့်ကုလသမဂ္ဂရဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်မှုမျိုးကိုမဆိုလုပ်ဖို့ခက်ခဲလိမ့်မယ်လို့လည်းသတင်းကဆိုပါတယ်။, ချင်းပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်းအချို့မှ သဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။, ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်း ၈၀ ကျော်ပါဝင်ပြီ ဖြစ်ကြောင်းလည်းသိရသည်။, https://www.facebook.com/Chin-World-167011980026853, ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် သေ့မော်ကူးနှင့် ဝါ့မီကလားကျေးရွာအုပ်စုမှ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ၏ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု မြင်ကွင်း။, စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က မတ်လ ၅ ရက်နေ့ ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။, ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ဆက်လက်အနှောင့်အယှက်ပေး ပစ်ခတ်သတ်ဖြတ်နေမယ်ဆိုရင် ခုခံကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။, မြန်မာစစ်တပ်ရဲ့ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဟာ တိုင်းရင်းသားလူနည်းစုတွေအတွက် ကြီးမားတဲ့အခက်အခဲဖြစ်တာကြောင့် ပြည်တွင်းနေပြည်သူတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာတို့ လက်တွဲပြီး စုပေါင်းတိုက်ထုတ်သွားရမယ်လို့လည်း ပြောထားပါတယ်။, ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး KNU နယ်မြေထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း လက်ခံကူညီပေးထားပါတယ်။, လက်ရှိ ကရင်ပြည်နယ်တွင်း စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို KNU က လုံခြုံရေးဆောင်ရွက်ပေးနေသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့ကလည်း ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးအဆင့် အပါအဝင် သုံးဦးကို ပစ်သတ်ခဲ့ပါတယ်။, https://www.rfa.org/burmese/news/myanmar-coup-knu-statement-03052021062647.html, ကရင်ပြနယ်ဘားအံခရိုင်နဲ့ ကရင်လို့မူတြော်ခရိုင်လို့ခေါ်တဲ့ဖာပွန်ခရိုင်မှာတော့ကရင်လူငယ်တွေကရင်ပြည်သူတွေ သောင်းနဲ့ချီပြီး မတ်လ ၅ရက်နေ့မှာဆန္ဒထုတ်ဖော်နေကြကြောင်းကရင်သတင်းစဉ်ရဲ့အမူ့ဆောင်အယ်ဒီတာချုပ် နန့်ဖောဂေ ကအခုလိုပြောပြပါတယ်။, "မူတြော်ခရိုင်မှာလုပ်တာကတော့ စုစုပေါင်းလူထုက ၂ သောင်းနီးပါးလောက်ရှိတယ်လို့သိရတယ်။ ဘားအံခရိုင်မှာလည်း ၄ နေရာလုပ်တယ်။ တချိုနေရာမှာ လူအင်အား ၅၀၀၀ လောက် တချို့နေရာမှာ ၆၀၀၀လောက်ရှိတယ်ဆိုတော့ အဲဒီဘက်မှာလည်း သောင်းချီလှုပ်ရှားကြတယ်။ ဘာအံမြိုနယ်ထဲမှာလည်း ကေအန်ယူထိမ်းချုပ်တဲ့နေရာမဟုတ်ပေမယ့် ကျေးလက်တွေမှာလည်းဆန္ဒပြနေကြတာလည်းရှိတယ်"။, ဖာပွန်ခရိုင် ရဲ့ ဆန္ဒုပြလုှပ်ရှားမူကို ဦးဆောင်တဲ့ စောစကိုင်း ကတော့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကိုအခုလိုပြောပြပါတယ်။, "ကျနော်တို့စစ်အာဏာသိမ်းတာကို မကျေနပ်ဘူး။ ပြည်သူပြည်သားစုပေါင်းပြီးCDM လည်းလုပ်ကြမယ်။ စစ်အာဏာရှင်စနစ်ကျဆုံးရေးကတော့နံပါတ်(၁)ပဲ။ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဆန္ဒပြကျောင်းသားတွေပြည်သူပြည်သားတွေအနုပညာရှင်တွေ UEU ကိုယ်စားလှယ်တွေ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအလိုမရှိဘူး။ စစ်တပ်က အလိုကျလုပ်ထာတဲ့ဥပဒေကိုအမြန်ဖျက်သိမ်းပေးရမယ်။ ဖယ်ဒရယ်ဖွဲ့စည်းပုံ နဲ့သင့်တင်တဲ့ ဖွဲစည်းပုံအသစ်တခုကိုပဲရချင်တယ်။ စစ်တပ်စခန်းလူအခွင့်ရေးချိုးဖောက်လို့ ကျနော်တို့ဒေသထဲမှာမရှိစေချင်ဘူး။ ကျနော်တို့နယ်မြေကနေအမြန်ဆုံးရုပ်သိမ်းပေးဖို့ ကုလသမဂအဖွဲ့အစည်းတွေက စစ်အာဏာသိမ်းတဲ့သူတွေနဲ့အလုပ်လုပ်တာမလိုချင်ဘူး"။, မတ်လ၅ ရက်နေမှာ တော့ ကရင်ပြည်နယ်အတွင်းက ဆန္ဒပြလှုပ်ရှားမူတွေကိုတော့ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာမရှိသေးပါဘူး။ ကေအန်ယူလက်နက်ကိုင်တွေကလည်း သူတို့ထိမ်းချုပ်ရာဒေသက လူထုကိုလုံခြုံရေးယူပေးတာတွေ့ရတယ်လို့လည်း နန်းဖောဂေ ကတော့ပြောပြပါတယ်။, " ကေအန်ယူထိမ်းချုပ်နယ်မြေမှာတော့ကေအန်ယူက လုံခြုံရေး ယူပေးထားတာတွေရတယ် ။တားတာဆီးတာမရှိဘူး။ တျို့ဘားအံခရိုင်မှာ တချု ိ့ကေအန်ယူထိမ်းချုပ်တဲ့နေရာတွေမဟုတ်ပေမယ့် နယ်ခြားစောင့်တပ်တွေရှိတယ်။ ညှိနှိုင်းထားတာလာ ဘာာလားတော့မသိဘူး ဘာမှအနှောက်ယှက်ပေးတာတွေတော့မတွေ့ရဘူး"။, ကရင်ပြည်နယ်၊ မြဝတီမြို့မှာဆန္ဒပြထုတ်ဖော်ပွဲလုပ်ခဲ့တုန်းကတော့ သေနတ်နဲ့ဖြိုခွဲဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကေအန်ယူက စစ်အုပ်ချုပ်ရေေးကာင်စီကိုလက်မခံကြောင်းနဲ့ သူတို့ထိမ်းချုပ်ရာဒေသက လူထုတွေကိုအကာကွယ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။, https://burmese.voanews.com/a/peoples-in-knu-control-area-protest-against-coup/5802790.html, ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းတာတွေ ပိုဆိုးလာနေပြီး သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာလည်း မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်ဦး လည်ပင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။, မန္တလေးမြို့မှာ ဒီကနေ့ သေဆုံးသွားသူဟာ ၄၉ လမ်း ၁၁၁ လမ်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းတာကို ဘေးနားမှာ ရပ်ကြည့်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက်ဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပြပါတယ်။, “အမတို့က ဒီဘက်မှာ ရပ်နေတာပေါ့။ ကောင်လေး ၃ ယောက်က လာတယ်။ အမ ကျနော်တို့တွေ အကုန်လုံး လွတ်လာပြီ ကျန်တဲ့ဆင့်ကဲဆင့်ကဲကို ပြောပေးအုံးတဲ့ ဘာလို့လည်းဆိုတော့ ပိတ်ပြီးတော့ အဖမ်းခံရမှာဆိုးလို့ပေါ့နော်။ ကျွန်တော်ကအဲ့လိုလှမ်းပြောနေတုန် းရှိသေးတယ်။ ဟိုဘက်ထောင့်မှာ ဒိုင်းဒိုင်းနဲ့ ၃ ချက်ပစ်လိုက်တာ ပစ်လိုက်ရင်းနဲ့ တချက်တည်း လဲသွားတာ ကျနော်ကလည်း ဆိုင်ကယ်အောက် ဝမ်းလျားထိုးလိုက်တာ အဲ့ကောင်လေးကို ထိသွားပြီဆိုတော့ ကျနော်တို့က ဟိုဘက်ကိုဆွဲပြီး ပို့လိုက်တာ။ ပို့လိုက်ပြီးကားကို ခေါ်လာပြီး ကားနဲ့သယ်သွားတာ။ သေသွားတယ်လို့ကြားတာပဲ။ ရင်အုံကို မှန်သွားတာ။ အဲ့ဟိုဘက် သစ်ပင်အောက်မှာ ရပ်နေတာ။ သူက သူ့ဘာသာသူရပ်နေတာ။ (ဟုတ်တယ် သူ့က သူ့ဘာသာသူရပ်နေတာ) ဒီနားလေးက အကုန်လုံး သူ့ဟာသူ ဘေးတွေမှာ ရပ်နေတာကို သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်လိုက်တဲ့အချိန်မှာ ကျနော်တို့ကလည်း ပစ်ပြီပစ်ပြီဆိုပြီး ဒီနားမှာဆိုင်ကယ် တစီးရှိတာနဲ့ မှောက်ထိုးလိုက်ပြီး အဲ့သစ်ပင်အောက်က ကောင်လေးကိုမှန်သွားတာပဲ။”, ဒီကနေ့မနက်ပိုင်း အင်ဂျင်နီယာတွေ နဲ့အတူ လူသောင်းချီပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့တာဖြစ်လို့ အမြန်လူစုခွဲလိုက်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းတော့မရှိပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်တဲ့အပြင် နေအိမ်အတွင်း ပုန်းခိုနေတဲ့သူတွေကိုပါ လေးခွနဲ့ပစ်ခတ်သွားလို့ ဒဏ်ရာရတာတွေလည်းရှိပါတယ်။ ပုန်းအောင်းနေတဲ့အချိန် လေးဂွနဲ့ ပစ်ခံလို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။, “ကျနော်တို့ကကျတော့ သူတို့လာတော့ကြတော့ ပုန်းနေကြတာ။ ပုန်းနေကြတော့ အကာအကွယ်အောက်မှာနေရင်းနဲ့ သူတို့က အိမ်နေထဲဝင်လာတာ။ အဲ့ကောင်တွေက ဘာတုန်း ကြက်တွေ့ကြက်ပစ်မယ်ကွာ ငှက်တွေ့ငှက်ပစ်ကွာဆိုပြီး အကုန်လုံးဝင်ချလာတာ။ ကျနော်တို့ကို ဝင်ကြမ်းတော့တာပဲ။ ကျနော်တို့က ဘယ်လိုလုပ်အင်အားမျှမှာလဲ။ သူတို့က ၁၅ ယောက်လောက် ရှိတယ် အကုန်ပတ်ပတ်လည်ကြီး ဝိုင်းထားတာ။ ဖိနပ်ရာတွေလည်း အကုန်ရှိတယ်။ အများကြီးပဲ။ ရပ်ကွက်ကို မဝင်နိုင်အောင် အကုန်လုံးပိတ်ထားရတာ ကျနော်တို့က မလုပ်ပါဘူးဗျ။”, ဒါ့အပြင် လမ်းဘေးမှာရှိတဲ့ ကားမှန်တွေနဲ့နေအိမ်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လေးခွတွေနဲ့ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့ပေမယ့် လမ်းတွေပိတ်ဆို့ပြီး အမြန်လူစုခွဲခဲ့တဲ့အတွက် ဖမ်းဆီးခံရတာတော့မရှိခဲ့ပါဘူး။, မန္တလေးမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့နေ့ကစပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ဦးရေ အနည်းဆုံး ၁၀ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။, https://burmese.voanews.com/a/mandalay-shooting-die-one-youth/5802899.html, လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာမှ ဆန္ဒပြမှုမှ လူငယ်များ၏ ပြောစကား, ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာမှ ကွမ်ဘီကျေးရွာအထိ ကျေးရွာအုပ်စု ၁၀စုကျော်မှဒေသခံရွာသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုမှ လူငယ်များ၏ ပြောစကား -, မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး၊ ကျည်အစစ် နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာကသတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပစ်ပေးလို့ ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ် လေ့လာရေးဌာန က ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။, လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေဟာ ရန်သူမဟုတ်တဲ့အတွက်၊ နိုင်ငံတကာဥပဒေအရ အဓိကရုဏ်းနှိမ်နင်းမယ်ဆိုရင် သေစေလောက်တဲ့လက်နက် လုံးဝ မသုံးရဘူးလို့လည်း ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။, အခုမြန်မာနိုင်ငံက ဆန္ဒပြပွဲတွေကိုကြည့်ရင် ရဲနဲ့စစ်သားတွေက လိုက်လို့ ကျောခိုင်း ထွက်ပြေးသူတွေကို နောက်ကနေ လိုက်လံပစ်ခတ်တာမျိုး၊ ဦးခေါင်းနဲ့ အသက် သေစေလောက်တဲ့ နေရာတွေကို ချိန်ရွယ်ပြီးမှ ရည်ရွယ်ချက်ရှိရှိ အသေ ပစ်သတ်တာမျိုးဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ပြစ်မှု ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။, မတ်လ ၃ ရက်၊ မန္တလေးမြို့က ဆန္ဒပြပွဲမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ကိုမျိုးနိုင်လင်း ရဲ့ ဦးလေးဖြစ်သူက လက်နက်မပါတဲ့ ဆန္ဒပြသူတွေကို စနိုက်ပါနဲ့ ချိန်ရွယ် ပစ်ခတ်တဲ့လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်လို့ ပြစ်တင်‌ဝေဖန်ပါတယ်။, ဒီလိုသတ်ဖြတ်နေတဲ့ ရဲနဲ့ စစ်တပ်မှာ ဥပဒေဆိုတာရော ရှိရဲ့လားလို့လည်း ကိုမျိုးနိုင်လင်းရဲ့ ဦးလေးက မေးခွန်းထုတ်လိုက်ပါတယ်။, မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ဆန္ဒပြပွဲအတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ကိုမောင်ဦးရဲ့ ဇနီး ကတော့ “သေဆုံးသူအားလုံးအတွက် အပြစ်ရှိသူတွေကို ဥပဒေအရ အရေးယူ အပစ်ပေးစေချင်တယ်” လို့ ပြောပါတယ်။, မတ်လ ၃ ရက် လူထုဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် မြောက်ဥက္ကလာပ မြို့နယ် တစ်ခုထဲမှာတင် လူ ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ဖေါ်ပြ ကြပါတယ်။, အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်မခံနိုင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်ကစပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုလုပ်နေတဲ့ ရန်ကုန်တိုင်း၊ ရဲသတင်းတပ်ဖွဲ့က ရဲမှူး တင်မင်းထွဋ် ကလည်း မြောက်ဥက္ကလာပက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့လုပ်ရပ်ကို အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် ပစ်တင်ရှုတ်ချလိုက်ပါတယ်။, သတ်ဖြတ်ခဲ့တဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း ရဲမှူး တင်မင်းထွဋ်က သတိပေးပါတယ်။, ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်တဲ့လုပ်ရပ်ဟာ ဥရောပအလယ်ပိုင်း ယူဂိုဆလားဗီးယားမှာ အာဏာရှင်သမ္မတ ဆလိုဗိုဒမ် မီလိုဆီးဗစ်ရဲ့ လုပ်ရပ်မျိုး ဖြစ်တာကြောင့် နိုင်ငံတကာတရားရုံး ICJ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တို့ကနေ အရေးယူနိုင်တဲ့လုပ်ရပ်မျိုး ဖြစ်တယ်လို့ ပြောပါတယ်။, မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေပါဝင်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့ရဲ့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း “မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး ဖြိုခွင်းနေတာတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်” လို့ ပြောထားပါတယ်။, ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ တစ်လကျော်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြေင့် အနည်းဆုံး လူ ၆၀ လောက်သေဆုံးပြီး၊ ၁၅၀၀ကျော်ခန့် ဖမ်းဆီးခံထားရကြောင်း လည်း မြန်မာ့အရေး အထူးအကြံပေးကောင်စီ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။, အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။. "